Partner Page များအတွက် အထူးပြုလုပ်ထားသော Web Feature များ
Lak Yar
Last Update 6 个月前
ကိုယ်ပိုင် Data များကို တစ်စုတစ်စည်းတည်းလုံခြုံစွာ သိမ်းထားနိုင်ခြင်း

- Page Panel မှ အချိန်မရွေးကိုယ်တိုင်တင်နိုင်ပြီး Management လုပ်နိုင်သည်။
- ANS ၏ Cloud Server များ (Main servers & Backup servers) များပေါ်တွင် သိမ်းဆည်းထားခြင်းကြောင့် လုံခြုံစိတ်ချရပါသည်။
- Image Protection System, Video Encryption System များကို အထူးကြပ်မတ် လုပ်ဆောင်ထားသဖြင့် မိတ်ဆွေတို့၏ Content များ အခိုးခံရမည်ကို စိတ်ပူရန်မလိုပါ။
- Media Type မျိုးစုံကို အကန့်အသတ်မရှိ တင်လို့ရသည်။ Movie, Anime, Manga , Comic, နှင့် အခြားသော Media အမျိုးအစားများစွာကို တင်ထားနိုင်သည်။
- Telegram channel, Fb group များတွင် ကြုံရလေ့ရှိသော Content များ ပြန့်ကျဲနေခြင်းမရှိဘဲ တစ်နေရာတည်းတွင့် သပ်ရပ်စွာ Access ပြုလုပ်နိုင်မည်ဖြစ်သည်။
Copyright Issues များကိုစိတ်ပူစရာမလိုခြင်း
- ကိုယ်ပိုင် Website Platform ဖြစ်သောကြောင့် အခြား Social Platform များကဲ့သို့ Copyright မိပြီး ဖျက်ချခံရခြင်းများအတွက် စိတ်ပူရန်မလိုပါ။
Reader System
- Audience များအဆင်ပြေလွယ်ကူစွာဖတ်ရှုနိုင်ရန် ANS Developer များမှ အထူးပြုလုပ်ထားသော System ဖြစ်ပါသည်။
- ရုပ်ပြစာအုပ် တင်သူများအတွက် ပိုမိုလွယ်ကူမြန်ဆန်စေပါသည်။
HLS (HTTP Live Streaming)
- ANS Anime Player အတွက် HLS နည်းပညာကို အသုံးပြုပြီးတည်ဆောက်ထားခြင်းကြောင့် ကြည့်ရှုရာတွင် လိုင်းတည်ငြိမ်ပြီး Smooth ဖြစ်ပါသည်။
- နာမည်ကြီး Platform များဖြစ်သော Youtube, Netflix တို့တွင်သုံးသောနည်းပညာလည်းဖြစ်သည်။

- Partner Page များအနေဖြင့် မိမိတို့တင်ဆက်သော အပိုင်းတစ်ပိုင်းချင်းစီကို Free (သို့) Paid ပြုလုပ်နိုင်သည်။
- Paid item များ၏စျေးကို မိမိတို့စိတ်ကြိုက်သတ်မှတ်ရောင်းချနိုင်ပါသည်။
Page Subscription System
- Paid Content များကို Audience များမှ လစဉ်ကြေးဖြင့် ဝယ်ကြည့်ရသောစနစ်ဖြစ်သည်။
- Partner Page များသည် မိမိတို့စိတ်ကြိုက် လစဉ်ကြေး Plan များကိုသတ်မှတ်ရောင်းချနိုင်သည်။
- အထူးလုပ်ဆောင်ချက်တစ်ခုအနေဖြင့် လစဉ်ကြေး Gift Card များကို Page Panel တွင်ထုတ်ယူပြီး Audience များထံ လက်ဆောင်ပေးခြင်း/ ရောင်းချခြင်းများပြုလုပ်နိုင်ပါသည်။
- Blog ရေးသားလိုသူများအတွက် News, Fact များကိုရေးတင်နိုင်သော Blog feature ပါဝင်ပါသည်။
- Blog များရေးသားခြင်းဖြင် User Engagement ပိုမိုရရှိနိုင်ပါသည်။
AUTOMATIC ALERT SYSTEM
- Content အသစ်တစ်ပုဒ်/ တစ်ပိုင်းတင်လိုက်တိုင်း User များသိရှိစေရန် ANS Discord, Telegram Channel များတွင် အလိုအလျောက် Notify လုပ်သောစနစ်ပါရှိသည်။
- မိတ်ဆွေတို့၏ ကိုယ်ပိုင် Telegram Channel များတွင် Auto Notify လုပ်ပေးသည့်စနစ်ကိုလည်း ဆောင်ရွက်ပေးနိုင်ပါသည်။
ယခုကဲ့သို့ Web System များကို ကိုယ်တိုင် Develop လုပ်မည်ဆိုပါက သိန်းဆယ်ချီ/ရာချီ ကုန်ကျမည်ဖြစ်သောလည်း Ani New Stage နှင့်လက်တွဲလုပ်ကိုင်မည်ဆိုပါက Partnership စိတ်ဓာတ်သာရှိရန်လိုအပ်ပါသည်။ ကျွန်တော်တို့ Platform သည် User များကို ဖျော်ဖြေရင်း Anime Community အသိုက်အဝန်းကြီးတစ်ခု တည်ဆောက်ရန်ရည်ရွယ်ကာ Non-Profit, Non-Governmental Organization တစ်ခုအဖြစ် သုံးနှစ်ကျော်ရပ်တည်လျက်ရှိပါသည်။ Page ကြီးသည်သေးသည် ပဓါနမထားပဲ လက်တွဲတင်ဆက်လိုသူများအားလုံးကို နွေးထွေးစွာကြိုဆိုပါသည်။ ❤️
