Partner Page များအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများ

Lak Yar

Last Update há 6 meses

Fan Base

    • လက်ရှိအချိန်တွင် ANS Platform တွင် Registered User ပေါင်း ၅၀,၀၀၀ ကျော်ထိရှိနေပြီး နေ့စဉ် အသုံးပြုသူထောင်ချီရှိပါသည်။
    • ANS Platform တွင် ပူးပေါင်းတင်ဆက်ခြင်းဖြင့် Mutual Users များတိုးလာမည်ဖြစ်သည်။ Startup Page များအတွက်ပိုမိုအကျိုးရှိစေမည်ဖြစ်ပါသည်။


    Income Stream

    • ANS တွင် Paid Content ရောင်းချပြီး Income ရှာနိုင်သည်။ လက်ရှိတွင် လစဉ် သိန်းဆယ်ချီအထိဝင်ငွေရရှိနေသော Page များလည်းရှိပါသည်။
    • တစ်ပိုင်းချင်စျေးနှုန်းများသတ်မှတ်ပြီးရောင်းချနိုင်သလို လစဉ်ကြေးများဖြင့်လဲ ရောင်းချနိုင်ပါသည်။
    • Audience များ အလွယ်တကူဝယ်ယူအသုံးပြုနိုင်ရန် Integrated Wallet System ကိုလည်းအထူးဆောင်ရွက်ထားပြီးသားဖြစ်သောကြောင့် Page များကအဆင်သင့်ရောင်းချပြီး အမြတ်ငွေရယူနိုင်ပါသည်။ 
    • (ANS Platform Fee 10% သာ ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ငွေ 90%ကို Pageကရရှိမည်။)

    Partner Community

    • Audience များကို ပိုမိုကောင်းမွန်သော Experience များ ပေးနိုင်ရန် Community Meeting များမကြာခဏပြုလုပ်ပေးပါသည်။
    • Page များအချင်းချင်း ရင်းနှီးခင်မင်စွာ အကြံဉာဏ်များ အကူအညီများ မျှဝေနိုင်ပါသည်။

    Feature Updates

    • User များအတွက်သာမက Partner များအတွက်ပါ Feature Update များ လစဉ် Develop လုပ်ပေးပါသည်။
    • မိတ်ဆွေတို့လိုအပ်သော Feature များကို Meeting တွင် ဆွေနွေးတိုင်ပင်ပြီး တောင်းဆိုနိုင်ပါသည်။

    Monthly Awards

    • ANS Partner Leaderboard တွင် ထိပ်တန်းစာရင်းဝင်သော Page များအတွက် လစဉ် လက်ဆောင်ဆုများပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

        ကျွန်တော်တို့ Platform သည် User များကို ဖျော်ဖြေရင်း Anime Community အသိုက်အဝန်းကြီးတစ်ခု တည်ဆောက်ရန်ရည်ရွယ်ကာ Non-Profit, Non-Governmental Organization တစ်ခုအဖြစ် သုံးနှစ်ကျော်ရပ်တည်လျက်ရှိပါသည်။ Page ကြီးသည်သေးသည် ပဓါနမထားပဲ လက်တွဲတင်ဆက်လိုသူများအားလုံးကို နွေးထွေးစွာကြိုဆိုပါသည်။ ❤️

        Was this article helpful?

        0 out of 0 liked this article