အမေးများသော မေးခွန်းများ

Lak Yar

Last Update 6 maanden geleden

ဘယ်သူတွေ Join လို့ရလဲ?

 Anime, Manga, Comic, Manhwa တွေတင်ဆက်ဖို့ စိတ်အားထက်သန်တဲ့ မည်သူမဆို Join လို့ရပါတယ်။


ဘာတွေတင်လို့ရလဲ?

Anime, Manga, Comic, Manhwa, Manhua, Movie, Animation, အစရှိတဲ့ ဖျော်ဖြေရေး Content အစုံအလင် ကြိုက်တာတင်လို့ရပါတယ်။ Video, Image, Text များ Support လုပ်ပါတယ်။


Join ဖို့ Fee ဘယ်လောက်သွင်းရမလဲ?

Zero Kyats! ANS Platform နဲ့ Join ပြီး တင်ဆက်ဖို့ လုံးဝအခမဲ့ပါ။


တင်ဖို့ဆိုရင် နည်းပညာပိုင်းတွေနားလည်ဖို့လိုလား?

မလိုပါဘူး။ ပုံမှန် Fb, Telegram တွေမှာ တင်သလိုပဲ အလွယ်တကူတင်ဆက် အသုံးပြုနိုင်အောင် တည်ဆောက်ထားပါတယ်။ Guide video များလဲရှိတဲ့အပြင် Admin တွေကိုလဲ အချိန်မရွေးမေးမြန်းနိုင်ပါတယ်။


ဘယ်အချိန်တွေမှာတင်လို့ရလဲ?

24/7 ကြိုက်တဲ့အချိန်တင်လို့ရပါတယ်။ အချိန် နဲ့ အရေအတွက်အကန့်အသတ်မရှိပါ။


ANS ကနေ ငွေဘယ်လိုရှာရမလဲ?

Content အပိုင်း တစ်ခုချင်းစီကို စျေးနှုန်းသတ်မှတ်ရောင်းချခြင်း၊ လစဉ်ကြေး (Subscription) ရောင်းချခြင်းတို့ကနေ ငွေရှာနိုင်ပါတယ်။


ANS ကို Commission ဘယ်လောက်ပေးရမှာလဲ?

ရောင်းရတဲ့ ဝင်ငွေရဲ့ ၁၀% ကိုသာ Platform Fee ပေးဆောင်ရမှာဖြစ်ပါတယ်။


ဝင်ငွေတွေကိုဘယ်လိုပြန်ထုတ်ရမှာလဲ?

Admin Panel မှတစ်ဆင့် အနည်းဆုံး ၁၀,၀၀၀ ကျပ်မှစပြီး ပြန်လည်ထုတ်ယူနိုင်ပါတယ်။


ဘာတွေ Support ပေးသေးလဲ?

နည်းပညာပိုင်းအတွက် 24/7 support လုပ်ပါတယ်။ ကျွန်တော်တို့ Facebook page တွင်လဲ content promotion အတွက် ပုံမှန် boosting လုပ်ပေးပါတယ်။


 

Was this article helpful?

0 out of 0 liked this article